အခုတော့ နင် ထင်ကြီးတဲ့ နင်ရဲ့ ကောင်းကင်ထဲမှာ ပျော်နေပါ ချစ်သူ အချိန်တန်လို ကြွေမယ်ဆိုရင် မြေပေါ်က ငါရင်ဖွင့်ပြီးစောင့်နေတယ်ဆိုတာ နင် မေးမသွားပါနဲ့ ချစ်သူ

ကျော် ရဲ ထွန်း နည်းပညာ မှ နွေးထွေးစွာ ကြိုဆိုပါ၏

ကျွန်တော် Blogger ထဲလာလည်ကြည့်သူ မိတ်ဆွေ အာလုံး ကိုယ်စိတ်နစ်ဖြာ ဘေးရန်ကွာ၍ မေတ္တာနစ်လုံး အစဉ်သုံးကာ ကျန်မာကြပြီး လိုရာဆန္ဒပြည်ဝပါစေ

Monday, July 15, 2019



တစ်နေ့တော့ ပြန်လာခဲ့ပါမယ် အမေရယ်
~~~~~~~~~~~~~~~~~~
အမေ••••••
မိုးရာသီ ရောက်ပြီးနော်  အိမ်အိုလေးထဲမှာ 
အမေ့ ဘယ်လိုနေမလဲ  မိုးရွာရင်  ရေယိုတတ်တဲ့ အိမ်လေးထဲ  အမေ ငိုနေမလား

တွေးရင်နဲ့ သား အိပ်မရတဲ့  ညတွေက  ခြောက်လှန့်နေတုန်းပဲ  အမေရယ်••••••

အေးမြလှတဲ့ အမေ ရင်ခွင့်အောက်မှာ  သား ပြန်လာချင်တာပေါ့ အမေရယ်
ဘဝမှာ ကိုယ်ဖြစ်လိုရာ ဖြစ်ခွင့်မရနိုင်တဲ့  ငွေတွေ ငွေတွေ   ကြောင့် သား ပြန်လာခွင့်မရှိတေးပါဘူ အမေရယ်   သား  ရည်မှန်းချက်ပန်းတိုင်း ရောက်ဖို့ အတွက် သား ကြိုးစားရအုံးမယ် အမေရယ်••••••

ဖုန်း ဆက်ပြီး အလွမ်းဖြေတိုင်း သားရယ် ပြန်လာခဲ့ပါတော့  အမေ ခေါ်သံလေး ကြာယောင်းမိတဲ့ အခိုက်မှာ     မျက်ရည်ဝဲ ခဲ့မိတာ  သား ကိုယ်တိုင်ပါပဲ အမေရယ်••••••

လောကဓံရဲ့ လည့်ကွက်တွေထဲ မှာ ကျရှံးတဲ့ အခါတိုင်း  အမေရဲ့ ရင်ခွင့်ထဲမှာ သား ငိုကျွေးလိုက်ချင်တယ် အမေရယ်••••••

 နိုင်ငံခြား  မှာ ရုန်းကန် လူပ်ရှားရင် စိတ်တွေ တအားမွန်းကြပ်လာတဲ့ အခါမျိုးမှာ  အမေ ရင်ခွင့်ဆီကို သား ပြေးလို့ လာချင်ပါတယ် အမေရယ်••••••

အဆင်မပြေတာတွေ ကြုံလာတိုင်း အမေ့ရဲ့ အပြုံးကို မြင်ယောင်လိုက်တာနဲ့  အလိုလိုပဲ ပြေပျေက်သွားပါတယ် အမေရယ်••••••

ဘဝဟာ ဘယ်လိုပဲ မှော်မိုက်နေပါစေ   မိဘ ကျေဇူး ချနိုင်ဖို့အတွက် သား ခဏ  ရုန်းကန်နေရအုံးမယ်
အမေရယ်  ••••••

တစ်နေသော့ သား ပြန်လာမယ် နေကို အမေ စောင့်နေပေးပါနော်••••••

.





No comments:

Post a Comment